ဖုန်းခေါ်ဆိုရန် : +95 9 772 458 611 , +95 1 540 661, +95 1 549 167
ဘာသာစကား ပြောင်းရန် :

ခရုသင်း/သမင်ဖြုရောဂါ အထူးကုသမှု

ခရုသင်း/သမင်ဖြူ ကုသခြင်း

  • သောက်ဆေး/လိမ်းဆေးဖြင့် ကုသခြင်း (Medical Treatment)
  • အလင်းတန်းရောင်ခြည်ပြသခြင်း (Excimer Lamp Treatment)
  • ခရုသင်း/သမင်ဖြုများကို အရေပြား ရောင်ခြယ်ဆဲလ်အစားထိုးကုသခြင်း (Surgical Treatment Non-Cultured Cellular Graft Hair Follicle ORS Cells Transplantation)

ခရုသင်း/သမင်ဖြူ (Vitiligo) ဆိုသည်မှာ အရေပြားပေါ်တွင် သဘာဝအရောင်အချို့(အမဲရောင်ခြယ်ဆဲလ်များ) ချို့တဲ့သွားသော နာတာရှည်အရေပြား ရောဂါတစ်မျိုးဖြစ်ပါ သည်။ ထို့အတွက်ကြောင့် အရေပြားပေါ်တွင် နို့နှစ်ရောင်(သို့) အဖြူရောင်ကွက်များ ပေါ်လာခြင်း ဖြစ်သည်။ ခရုသင်းရောဂါဖြစ်ရခြင်းအကြောင်းအရင်းများစွာ ရှိသည့်အနက် အများစုမှာ လူ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ် လုပ်ဆောင်ချက် ချို့ယွင်းမှုနှင့် မျိုးရိုးဗီဇကြောင့် ဖြစ်ပါသည်။ အခြားသော အကြောင်းအရာများမှာ စိတ်ဖိစီးမှုများ၊ Chemical Agents နှင့် ထိတွေ့မှုများ၊ ဗိုင်းရပ်စ်ပိုးမွှားများ အစရှိသည်တို့ကြောင့်လည်း ဖြစ်တတ်ပါသည်။

ခရုသင်းရောဂါသည် ကမ္ဘ့ာလူဦးရေ၏ (၁)ရာခိုင်နှုန်းမှ (၂) ရာခိုင်နှုန်းအထိအဖြစ်များသော ရောဂါဖြစ်ပါသည်။ ထိုအရေပြားရောဂါသည် အသက်အန္တရာယ် မဖြစ်နိုင်၊ မကူးစက်နိုင်သောလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည့်အပြင် အခြားသော Autoimmune Diseases များနှင့် ဆက်နွယ်၍ ဖြစ်ပွားတတ်သောကြောင့် ဂရုစိုက်တစိုက် ကုသမှု ခံယူသင့်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။

အရေပြားအစားထိုးသည့် နည်းလမ်းအမျိုးမျိုးမှာ-

  • Punch Graft
  • Non-Cultured Cellular Graft
  • Blister Graft
  • Cultured Cellular Graft
  • Smashed Graf

Non-cultured Cellular Graft နောက်ဆုံးပေါ် အမဲရောင်ခြယ်ဆဲလ်အစားထိုး ကုသနည်းမှာ မိမိ၏ အရေပြားဆဲလ်အား ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ မိမိအရေပြားထဲရှိ အမဲရောင်ခြယ်ဆဲလ်များအား ခေတ်မီ ပညာရပ်၊ ခေတ်မီပစ္စည်းများအား အသုံးပြု၍ ဓာတ်ခွဲခန်းတွင် စနစ်တကျ ထုတ်ယူပြီး အစားထိုးခြင်း ဖြစ်သည်။ ထို့ကြောင့် ဘေးဥပါဒ်မဖြစ်စေဘဲ ပုံမှန် အသားအရေအတိုင်း ညီညာလှပသော တုံ့ပြန်မှုကို အမြန်ဆုံး ရရှိစေပါသည်။

အထက်ပါ ကုသနည်းများအား ခရုသင်း အမျိုးအစားနှင့် ဖြစ်ပွားသည့် အခြေအနေပေါ် မူတည်၍ ကုသနည်းတစ်မျိုးတည်းဖြင့်လည်းကောင်း၊ ကုသနည်းများ ပေါင်းစပ်ခြင်း (Combination Therapy) ဖြင့်သော်လည်းကောင်း ကုသရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ကုသခြင်းဖြင့် ညီညာသော အသားအရေကို ပြန်လည်ရရှိပြီး နေ့စဉ် လူနေမှုပတ်ဝန်းကျင်တွင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ပျော်ရွှင်အောင်မြင်သော ဘဝအား ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။


ခရုသင်း၊ သမင်ဖြူနှင့် အခြားအရေပြားရောဂါများအကြောင်းကို ကမ်ဘန်ဂန်-ယူအိတ်ချ်စီ အထွေထွေရောဂါကု ဆေးရုံမှ အရေပြားအထူးကု ဆရာဝန် ဒေါက်တာ ဝေယံဖြိုးမှ ဖြေကြားပေးထားပါတယ်...

Video LinK:

https://www.facebook.com/Kembangangroup/videos/604541090454125

ပရိုမိုးရှင်း

သတင်းနှင့် မီဒီယာ

အလှကုန် ပစ္စည်းများ

ဝန်ဆောင်မှုများ

MySQL: 0.0006 s, 0 request(s), PHP: 0.0011 s, total: 0.0017 s, document retrieved from cache.