ဖုန်းခေါ်ဆိုရန် : +95 9 772 458 611 , +95 1 540 661, +95 1 549 167
ဘာသာစကား ပြောင်းရန် :

အဆီပိုများကို နာရီပိုင်းအတွင်း စုပ်ထုတ်ခြင်း

 

မလိုလားအပ်သော အဆီပိုများကို နာရီပိုင်းအတွင်း ဖယ်ရှားခြင်း

ခန္ဓာကိုယ်ရှိ အဆီရှိသော နေရာကို စက်ဖြင့် ညွှန်ပြပေးခြင်း

  • ကိုယ်အလေးချိန် လျှော့ချခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးကုသခြင်း
  • Liposuction (Lipo Lifte) နောက်ဆုံးပေါ်စက်ဖြင့် အဆီပိုများကို စုပ်ထုတ်ခြင်း
  • Lipo filling ဖြင့် မလိုအပ်သော အဆီများကို ဖယ်ရှား၍ လိုအပ်သောနေရာများတွင် ဖြည့်ပေးခြင်း

အဆီစုပ်ထုပ်ခြင်း Liposuction ဆိုတာဘာလဲ။
Liposuction ဟာ အလှအပပိုင်းဆိုင်ရာ ပြုပြင်မှုကုထုံးတစ်ခုဖြစ်ပါတယ်။ ခန္ခာကိုယ် အရေပြားအောက်၊ အရေပြားနဲ့ကြွက်သားအကြား သိသိသာသာစုဝေးနေတဲ့ အဆီတွေကိုဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။Liposuction ဖြင့်မလိုအပ်တဲ့၊ကြည့်ရဆိုးတဲ့ အဆီတွေကိုဖယ်ထုတ်ပေးသောကြောင့်ခန္ခာကိုယ် အချိုးအစားပိုကျလာပြီး
ပိုကြည့်ကောင်းလာစေပါတယ်။ ကိုယ်အလေးချိန်ချက်ချင်းလျော့ကျမလာပဲဖြည်းဖြည်းခြင်း လျော့ကျလာမှာဖြစ်ပါတယ်။ အလှအပပိုင်းဆိုင်ရာပြုပြင်ဖို့ တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့ကုထုံးဖြစ်ပါတယ်။


ခန္ခာကိုယ် ဘယ်အစိတ်အပိုင်းတွေကိုလုပ်ဆောင်နိုင်လဲ။
ဝမ်းဗိုက် နဲ့ ခါးတဝိုက် စုနေတဲ့အဆီတွေ ရင်သား၊ ပေါင်၊ တင်ပါး နဲ့ ပေါင်အထက်ပိုင်း၊ လက်မောင်း၊ ကျောဘက်ပိုင်း၊ ဒူးအတွင်းဘက်၊ ရင်ဘတ်ပိုင်း၊ ပါး၊ လည်ပင်း နဲ့ မေးနှစ်ထပ်၊ ခြေသလုံး နဲ့ ခြေချင်းဝတ် စတဲ့နေရာတွေမှ အဆီတွေကို ဖယ်ထုတ်နိုင်ပါတယ်။


Liposuction ဆိုတာဘယ်လိုလုပ်တာလဲ။
Tumescent နည်းကို အသုံးပြုပါတယ်။ ၂ မီလီမီတာမှ၅မီလီမီတာ (Stainless steel cannula) ကိုသုံးပြီးအဆီတွေကို နာရီဝက်၊ တစ်နာရီအတွင်း စုပ်ထုပ်ပစ်နိုင်ပါ တယ်။ မေ့ဆေး၊ အိပ်ဆေး မလိုအပ်ပေမယ့် အနည်းငယ်တွဲဖက်ပြီး ပြုလုပ်နိုင်ပါတယ်။


Liposuction လုပ်ခြင်းက ဘာအကျိုးရှိသလဲ။
Liposuction လုပ်ခြင်းဖြင့်မိမိရဲ့စစ်မှန်တဲ့ပုံသဏ္ဍာန်ကို ပြန်လည်ရရှိနိုင်ခြင်း၊ နောက်ပိုင်း ကိုယ်အလေးချိန်လျော့ကျလာခြင်း၊ အဆီများလို့ ဖြစ်တတ်တဲ့
ရောဂါတွေ သက်သာလာပြီး ကျန်းမာတဲ့ဘ၀ ပြန်လည်ရရှိနိုင်ခြင်း၊ ငယ်ရွယ်နုပျိုတဲ့အသွင်သဏ္ဍာန် ရရှိခြင်းနှင့် မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။


Laser Assisted Liposuction (လေဆာစက်ဖြင့် မလိုအပ်သော အဆီပိုများကို နာရီပိုင်းအတွင်း စုပ်ထုတ်ခြင်း) အကြောင်းကို ကမ်ဘန်ဂန်-ယူအိတ်ချ်စီ ဆေးရုံမှ Aesthetic Surgeon Dr.Saw Oo Tan မှ သိရှိလိုသည်များကို ဖြေကြားပေးထားပါတယ် ...

Video Link:

<iframe width="949" height="534" src="https://www.youtube.com/embed/aushk31Vx3s" frameborder="0" allow="accelerometer; autoplay; encrypted-media; gyroscope; picture-in-picture" allowfullscreen></iframe>

ပရိုမိုးရှင်း

သတင်းနှင့် မီဒီယာ

အလှကုန် ပစ္စည်းများ

ဝန်ဆောင်မှုများ

MySQL: 0.0004 s, 0 request(s), PHP: 0.0025 s, total: 0.0029 s, document retrieved from cache.